" လွမ်းမိတယ် မိငယ် "

in #myanmar • 8 years ago (edited)

1527437443-picsay.jpg

မိငယ်ရေ -
ပြည့်စုံမှုဆိုတာတွေဟာ လူတိုင်းလူတိုင်းအတွက်
ရှိနေတာမဟုတ်ဘူးနှော် ၊ လူတိုင်းလူတိုင်းကသာ
ပြည့်စုံဖို့အတွက် ရုန်းကန်နေကြရတာပါ ။
အချိန်နေ့ရက်တွေ တစ်ဖြည်းဖြည်းကုန်ဆုံးခြင်းနဲ့အတူ
တို့နှစ်ယောက်ရဲ့ အမှတ်တရတွေလည်း
အငွေ့ပြန်ပျောက်ဆုံးတတ်တဲ့ မီးခိုးတွေလို
အရာရာအသက်မဲ့သွားခဲ့လေပြီ ။
မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့
နှလုံးသားအလိုလိုက် မိုက်ခဲ့ဖူးတယ် မိငယ် -
စုတ်ပြတ်နေတဲ့ကိုယ့်ဘဝ ပ်က္စီးစရာ
မကျန်တော့ဘူး မိငယ် -
အထင်ကရရှိခဲ့ဖူးတဲ့ အတိတ်ကို
တသသ သတိရနေရုံကလွဲပြီးတော့လည်း
ကိုယ်မတတ်နိုင်ခဲ့ဘူးလေ ။
အသိုင်းအဝိုင်းတွေရဲ့ အတ္တဆန်မှုကြားမှာ
ဂုဏ်ငယ်သူကိုယ့်နှလုံးသား အချစ်အတွက်နဲ့
စတေးခဲ့ပြီးပြီ မိငယ် -
လောကကြီးရဲ့မျက်နှာစာပေးခြင်းမခံခဲ့ရပေမယ့်
အဆင်မပြေမှုတွေများမှာနေသားကျရင်းနဲ့လည်း
အမြဲလိုလို လွမ်းမိတယ် မိငယ် _____